အာနန္ဒာဘုရားကြီးရွှေထီးတော်တင်လှူပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံတက်ရောက်

 

ပုဂံမြို့ အာနန္ဒာဘုရားကြီးအား ငှက်ပျောဖူး၊ အထွတ်စေတီ၊ ကွမ်းထောင် တော်၊ နတ်ရုပ်ကြီးလေးရုပ်၊ မုခ်ကပ်ပေါက်မုခ်ဦးနှင့် ဆင်းတုတော် ၂ဝ အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ရတနာ စိန်ဖူးတော်၊ ဌာပနာ ရွှေကျိပ်၊ ရတနာငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အဆိုပါပူဇော်ပွဲသို့ စိန်ဖူးတော်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတိုင်ပင်ခံ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်(ငြိမ်း) ဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေမိသားစုနှင့် အလှူရှင်များ တက်ရောက် ခဲ့ကြပြီး ဆရာတော်များထံမှ ရေစက်ချတရားနာကြကာ ရွှေထီးတော်နှင့် စိန်ဖူးတော်တို့အား ပူဇော်ခဲ့ကြသည်။

အင်းသားကြီး