ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် တို့သည် သြဂုတ် ၄ ရက် (ယမန်နေ့) မွန်းလွဲ ၁ နာရီက ဖာပွန်မြို့နယ် ပါတီခန်းမ၌ မြို့နယ်/ရပ်ကွက် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက အမှာစကားပြောကြား ပြီး ပါတီဗဟိုအလုပ် အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် နှင့် ပါတီဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်တို့က လိုအပ်သည်များကို ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံက မြို့နယ်၏အခြေအနေများ နှင့် လိုအပ်သည် များကို ရှင်းလင်းတင်ပြရာ ဗဟိုအတွင်းရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မြို့မိမြို့ဖများ၊ ပါတီဝင်များ စုစု ပေါင်း အင်အား ၁ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်အဖွဲ့သည် ဖာပွန်မြို့နယ် ချောင်းသာယာမူလတန်း ကျောင်းသို့သွားရောက်ပြီး ဆရာဆရာမများနှင့် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ များအတွက် လိုအပ် သည်များ အသုံးပြုနိုင်ရန် အလှူငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူးနှင့် ပြည်နယ်တာဝန်ခံတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် ဖာပွန်မြို့နယ် ကမမောင်းမြို့ပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဝင်များနှင့် တွေ့ဆုံအမှာ စကားပြောကြားခဲ့ပြီး ဖာပွန် မြို့နယ်နှင့် ကမမောင်းမြို့ရှိ ပါတီအတွက် အလှူငွေများပေးအပ်ခဲ့သည်။

ထိုခရီးစဉ်တွင် ဖာပွန်မြို့ (၄)ရပ်ကွက်ရှိ ကျောင်းထိုင်ဆရာတော်အား လည်းကောင်း၊ အမှတ်(၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းဆရာတော်အား လည်းကောင်း၊ ဝှေ့ဆန်းကျေးရွာ အောင်စင်္ကြာဆရာတော် အားလည်း ကောင်း၊ ကမမောင်းမြို့တောင်တန်းသာသနာပြုဆရာတော်နှင့် ကိုးနဝင်း ဆရာတော်တို့အား သွားရောက်၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Union Daily