ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာ အောင်မြတ်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လူငယ်ရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့ (၂၂-၅-၂၀၁၇) နေ့လည်ပို်င်းတွင် ပါတီဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည်။

တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာ အောင်မြတ်ဦး၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးလှထွန်းဦး၊ ဒေါ်နီနီမာ နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။