ပုသိမ်ပြည်ခိုင်ဖြိုးလုပ်ငန်းညှိနှိုင်း

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယခုလ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အုန်းက ဧပြီ ၂၈ ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးညွှန်ကြား ချက်များကို ရှင်းလင်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပုသိမ်ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်ကျော် တက်ရောက်ပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်