တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တော်လတီဒေသ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင် တော်လတီဒေသတာဝန်ခံ ဦးမြင့်ရွှေ ဦးဆောင်ပြီး ယမန်နေ့မွန်းလွဲ ၁ နာရီခွဲမှစတင်၍ ဖက်ဝန်းကုန်းကျေးရွာအုပ်စုဘေးမဲ့ကျေးရွာသို့ ကွင်းဆင်း သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေးဆောင်ရွက်ခြင်းလုပ်ငန်း နှင့် ပါတီဝင်အင်အားသစ်များစည်းရုံးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တော်လတီ ဒေသတာဝန်ခံဦးမြင့်ရွှေနှင့်အတူ ဖက်ဝန်းကုန်းကျေးရွာအုပ်စု ပါတီစည်းရုံးရေးမှူးဦးလှမင်းနှင့်ရပ်/ကျေး ပါတီကော်မတီဝင်များ၊ ပါတီလူငယ်ခေါင်းဆောင်များ၊ သတင်းမီဒီယာတာဝန်ခံ ဦးတင်မောင်ဇော်တို့နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)