ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ မိုင်းဆက် မြို့နယ် ရဲစခန်း၏လက်ရှိအခြေအနေ ရဲတပ်ဖွဲ့ဝင် အင်အားဖွဲ့စည်းပုံ၊ အဆောက်အဦး လိုအပ်ချက်များ ဆွေးနွေးတင်ပြ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယသည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ မေလ (၄) ရက်နေ့က မိုင်းဆတ်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ခဲ့ရာ စခန်းရှိ မြို့နယ်မှူး ရဲမှူး အောင်နိုင်ရွှေ၊ စခန်းမှူး ဒုရဲမှူး သန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မြို့နယ်ရဲစခန်း၏ လက်ရှိအခြေအနေ ရဲတပ်ဖွဲ့ဝင်အင်အား၊ ဖွဲ့စည်းပုံ လိုအပ်ချက်နှင့် အဆောက်အဦး လိုအပ်ချက် များ တင်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများမှ လက်ရှိ အဆောက်အဦးနှင့် တပ်ဖွဲ့ဝင်မိသားစုများ နေထိုင်သော အဆောက် အဦးများကို လိုက်လံ ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များ၊ တင်ပြချက်များအား တာဝန်ရှိသူများနှင် ဆွေးနွေးတင်ပြတောင်းခံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသတင်းစုံ