ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး(၂/၂ဝ၁၇)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၇)ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၁/၂ဝ၁၇)ပါ အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြခဲ့ကြရာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက လိုအပ်ချက်များကို ပြန်လည်ရှင်းလင်း ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ပထမနေ့အစည်းအဝေးကို ညနေ ၄ နာရီခွဲတွင် ရပ်နားခဲ့ပြီး မေလ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ၊ အထွေ ထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။