ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းအား အိန္ဒိယနိုင်ငံ AamAadmi ပါတီမှ ပြောရေးဆိုခွင့်ရှိသူနှင့် ဒိန်းမတ်နိုင်ငံ Alternative ပါတီမှကိုယ်စားလှယ်အဖွဲ့တို့ လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းအား ဒီမိုကရေစီ ဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ Aam Aadmi ပါတီမှပါတီ ပြောရေးဆိုခွင့် ရှိသူ Mr.Raghav Chadha နှင့် ဒိန်းမတ်နိုင်ငံ Alternative ပါတီမှ ပါတီခေါင်း ဆောင်တစ်ဦးဖြစ်သူ Mr. Tom Richter တို့မှ နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် ဧည့်ခန်းမတွင် မေလ (၂) ရက် နံနက် ၉ နာရီခွဲ၌ လာရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံ Aam Aadmi ပါတီ၊ ဒိန်းမတ်နိုင်ငံ Alternative ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီတို့ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ပူးပေါင်းဆောင် ရွက်ရေး၊ ပါတီအချင်းချင်း အမြင်ချင်းဖလှယ်မှုများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်အတူ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာကျော်ကျော်ဌေးနှင့် ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ခဲ့ကြပြီး ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျု (DIPD) မှ အဖွဲ့ဝင် ငါးဦးတက် ရောက်ကြောင်း သိရသည်။