အာဆင်နယ်တိုက်စစ်မှူး ဂျရူးနှင့် နောက်ခံလူ ကိုစီယယ်နီတို့ကို ခေါ်ယူရန် မာဆေး ပြင်ဆင်

ပြင်သစ်ကလပ် မာဆေးအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဂျရူးနဲ့ နောက်ခံလူ ကိုစီယယ်နီတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ပြင်သစ်လက်ရွေးစင်တွေဖြစ်တဲ့ ဂျရူးနဲ့ ကိုစီယယ်နီတို့နှစ်ဦးကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းသွား မယ်လို့ သိရပါတယ်။

မာဆေးအသင်းပိုင်ရှင်ဖြစ်တဲ့ အမေရိကန်သူဌေး ဖရန့်မက်စ်ကော့သ်ဟာ ပြင်သစ်လိဂ် ထိပ်သီးအသင်း တွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မိုနာကိုတို့ကို ယှဉ်နိုင်ဖို့အတွက် ကစားသမားသစ် ၅ ဦးလောက် ခေါ်ယူဖို့ စီစဉ်ထားတာပါ။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ အသင်းဆီ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘဲ ကမ်းလှမ်း လာမယ်ဆိုရင်လည်း ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ပြင်သစ်လီဂူးပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်မှာ မာဆေးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီ၊ မိုနာကိုတို့နဲ့ ၂၈မှတ်အထိ ကွာဟနေပြီး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။