ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ကို စပွန်ဆာပေးမည့် ကုမ္ပဏီ ရှားပါးနေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် စပွန်ဆာပေးမည့်ကုမ္ပဏီများ ရှားပါးမှုပြဿ နာနှင့်ရင်ဆိုင်နေရ ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

FIFA ၏ စပွန်ဆာနေရာ ၃၄ နေရာအနက် လက်ရှိတွင် ၁၁ ခုသာ ရရှိထားပြီး ကျန် ၂၃ နေရာ အတွက် စပွန်ဆာရရှိရန် ရှာဖွေနေရဆဲဖြစ်ကြောင်း သိရသည်။ လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံတွင် ကျင်းပရန်စီ စဉ်ထားသော်လည်း FIFA အား စပွန်ဆာ ပေးလိုသည့် ရုရှားကုမ္ပဏီတစ်ခုမျှမရှိသည် မှာလည်း အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။

Castrol၊ Continental Tyres နှင့် Johnson & Johnson စသည့် ကုမ္ပဏီကြီးများ၏ စပွန်ဆာပေးမှုကို FIFA အနေဖြင့် လက်လွှတ်ထားရပြီး ပြန်လည်အစားထိုးရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ FIFA သည် ခြစားမှု အရှုပ်တော်ပုံများကြောင့် သိက္ခာကျစရာဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပေါင် ၂၈၉ သန်းအထိ အရှုံးပြခဲ့သည်။

-Ref: DailyMail