မြန်အောင်ပြည်ခိုင်ဖြိုး အမျိုးသမီးများတွေ့ဆုံပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးများတွေ့ဆုံပွဲကို ယမန် နေ့က မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ အတွင်းရေးမှူးဦးနေဝင်းဇော်ကအဖွင့် အမှာစကားပြောကြားခြင်း၊ဘဏ္ဍာ ရေးမှူးဒေါ်ယဉ်မြတ်သူက တွေ့ဆုံ ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်းနှင့် အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါ်ခိုင်ခိုင်ဦးက အမျိုးသမီးများ အကြမ်းဖက်ခံရမှု မှကာကွယ်နိုင်ရန် နည်းလမ်းများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲတက် ရောက်လာကြသော အမျိုးသမီး ခေါင်းဆောင်များက အစုအဖွဲ့များ စုစည်းကာ လှုပ်ရှားမှုများပြုလုပ် ခြင်း၊ စကားပြောစွမ်းရည်များ လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။ တွေ့ဆုံပွဲအခမ်းအနားသို့ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီများ ရပ်ကျေးများမှ အမျိုးသမီးများ အင်အား ၁ဝ၇ ဦး တက်ရောက်ကြပြီး ယခုတစ်ခါ တွေ့ဆုံပွဲသည် မတ်လအတွင်း ပြု လုပ်သည့် ဒုတိယအကြိမ် အမျိုးသမီး တွေ့ဆုံပွဲဖြစ်သည်ဟု အမျိုးသမီး အဖွဲ့တာဝန်ခံထံမှ သိရသည်။

နေဝင်းဇော်(မြန်အောင်)