ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီဝင်နှစ်စဉ်ကြေးများပေးအပ်

 

မိတ္ထီလာခရိုင်ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်ကော်မတီဝင် ဦးမြဌေးဦးဆောင်၍ မြို့နယ်ကော်မတီဝင်ဦးမောင်မောင်ချို၊ ဦးကျော်စွာမောင်၊ ဦးရန်မျိုးကျော်တို့သည် ဝမ်းတွင်းမြို့နယ် သနပ်ခါးတောအုပ်စု၊ ညောင်ပင်ရွာ အုပ်စု၊ ကိုင်းအုပ်စု၊ ဆင်ချီတိုင်အုပ်စုသို့သွားရောက်ပြီး ကျေးရွာအုပ်စုများမှ ပါတီဝင်များထံ ပါတီဝင်နှစ်စဉ်ကြေးကောက်ခံရာ စုစုပေါင်းပါတီဝင်အင်အား ၄ဝဝ မှ ပါတီဝင်နှစ်စဉ်ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Union daily