ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။

ဆက်လက်၍ ဗဟိုအကြံပေးဦးအောင်မင်းက မိတ်ဆက်အမှာစကား ပြောကြားပြီးနောက် ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်က ပါတီဝင် များအား နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီဥက္ကဋ္ဌက မြို့နယ်၊ ခရိုင်များမှ တင်ပြမှုများ အပေါ် ခြုံငုံသုံးသပ် တင်ပြခဲ့ပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေး က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအကြံပေး ဦးအောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်ကော်မတီဝင် များ၊ ချင်းပြည်နယ် ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စုပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားကို ယနေ့ည ၇ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖက်တီးလေး