ဗဟိုဦးဆောင်နာယက ဦးသိန်းစိန်နှင့် မန္တလေးတိုင်း/ခရိုင်အဆင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်သည် မတ်လ (၁၆) ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လတ်တလော ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်အသီးသီးအလိုက် အခြေအနေအရပ်ရပ်ကို နိုင်ငံတကာအခြေအနေနှင့်နှိုင်းယှဉ် သုံးသပ်ကြရန်။

ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိအနေအထား၊ ပြည်သူများ၏ လက်ငင်းရင်ဆိုင်နေသည့် ပြဿနာများ၊ လူထု အခြေပြုလိုအင်ဆန္ဒများကို ပြည်သူများနှင့်အတူ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ဖြေရှင်း၍ ဝိုင်းဝန်း ဆွေးနွေးကူညီပေးရန်။

ပါတီ၏မူဝါဒ၊ သဘောတရားရေးရာများကို ပြည်သူများ ကျယ်ပြန့်စွာ နားလည်လက်ခံ လာစေရေး၊ စဉ်ဆက်မပြတ် အခြေခံလူတန်းစားများ၏ လူနေမှုဘဝ စားဝတ်နေရေး ခိုင်မာတောင့်တင်းလာစေရန် ပူးပေါင်းဆောင်ရွက်ရင်း ပြည်သူလူထု၏ ယုံကြည်မှု တည်ဆောက်ကြပါရန် ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

#အဘအုန်း