မျှော်စင်ကျွန်းမှာလုပ်မယ် AGD Bank Lekkha Moun Fight 2 ရိုးရာလက်ဝှေ့ပြိုင်ပွဲ

မြန်မာလက်ခမောင်း ကုမ္ပဏီကနေ တာဝန်ယူစီစဉ်ကျင်းပမယ့် AGD Bank Lekkha Moun Fight 2 ပြိုင်ပွဲကို မတ်လ ၁၈ရက် (စနေနေ့) ညနေ ၆ နာရီ အချိန်မှာ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဝင်ကြေး အခမဲ့နဲ့ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဒီပြိုင်ပွဲမှာ ငါးချီတွဲဆိုင်း တစ်ခု၊ လေးချီတွဲဆိုင်း နှစ်ခု၊ သုံးချီတွဲဆိုင်း သုံးခု တို့ပါဝင်ယှဉ်ပြိုက်ကြမှာဖြစ်ကာ ရွက်ပုံးသီးလက်ဝှေ့သမားတွေအတွက် ကြားပွဲ သုံးပွဲလည်း စီစဉ်ကျင်းပပေးမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြားပွဲထိုးသတ်လိုတဲ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လက်ဝှေ့ ဝါသနာရှင်တွေအနေနဲ့လည်း ပြိုင်ပွဲကျင်းပမယ့် မတ်လ ၁၈ ရက် ညနေ ၆ နာရီမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။ AGD Bank Lekkha Moun Fight-2 ပြိုင်ပွဲမှာ Main Event (ခေါင်ပွဲ) အဖြစ် တိုက်ဂါးကလပ်မှ ဝမ်းစတားနဲ့ Adventure ကလပ်မှ စောအယ်လေး တို့ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မျိုးဆက်သစ်လူငယ် သုံးချီပွဲ သုံးပွဲ၊ လေးချီပွဲ နှစ်ပွဲ စုစုပေါင် ခြောက်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
“ရွက်ပုံးသီးလက်ဝှေ့သမားတွေ ပေါ်ထွက်လာဖို့ရည်ရွယ်ပြီး ဒီတစ်ပတ်ပြိုင်ပွဲကစလို့ ကြားပွဲတွေထည့်သွင်း သွားမှာပါ။ အချီပွဲ စင်ပေါ်တတ်မထိုးဖူးသူ မည်သူမဆို လာရောက်အားစမ်းဖို့ဖိတ်ခေါ်ပါတယ်။ တစ်ပတ် တစ်ကြိမ် ကျင်းပတဲ့ AGD Bank Lekkha Moun Fight ပြိုင်ပွဲက မျိုးဆက်သစ်လက်ဝှေ့သမားတွေ ပေါ်ထွန်းရေးနဲ့ ပွဲအရနည်းနေတဲ့ လက်ဝှေ့ကျော်တွေ လက်ဝှေ့လောကကို ကျောခိုင်းမထွက်သွားဖို့အတွက် ရည်ရွယ် ကျင်းပတာပါ။ မြန်မာ့လက်ဝှေ့ပရိသတ်တွေ အားလုံးကြည့်ရှုနိုင်ဖို့လည်း ဝင်ကြေးအခမဲ့ ပြသသွား မှာပါ” လို့ မြန်မာလက်ခမောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအော်စကာက ပြောပါတယ်။
ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ အပတ်စဉ်ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ရွက်ပုံးသီး လက်ဝှေ့သမားတွေ ပေါ်ထွက် လာဖို့အတွက် ဒီတစ်ပတ် ပြိုင်ပွဲကစတင်ပြီး ကြားပွဲတွေ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
Source & Photos : WLC