ချန်ပီယံလိဂ်ကွာတားသို့ ဘာကာ တက်လာခြင်းသည် နှစ်သက်စရာ မကောင်းဟု ဂျူဗင်တပ် နည်းပြ ပြော

ဘာစီလိုနာအသင်း ချန် ပီယံလိဂ်ကွာတားဖိုင်နယ်သို့ အံ့အားသင့်ဖွယ်ရာတက်လာခြင်းသည် ချန်ပီယံဖြစ်လိုသော အခြားအသင်းများအတွက် သတင်းဆိုးဖြစ်သည်ဟု ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပြောကြား သည်။

 

ဘာကာသည် ပီအက်စ်ဂျီ ကို ပထမအကျော့က လေးဂိုးပြတ်ရှုံးနိမ့်ထားခြင်းကို ပြောင်းပြန်လှန် ၍ ၆-၁ ဂိုးဖြင့် အနိုင်ရရှိကာ နှစ်ပွဲပေါင်း ၆-၅ ဂိုးဖြင့် နိုင်ပြီး ချန်ပီယံလိဂ်သမိုင်းသစ်ရေးထိုးခဲ့သည်။ ဘာကာတက်လာသဖြင့် မိမိတို့ ဂျူဗင်တပ်အသင်းထက် ဗိုလ်စွဲရန် ရေပန်းစားသော အသင်းသုံးသင်းရှိလာပြီဟု အယ်လီဂရီက ယူဆနေသည်။

‘‘ပီအက်စ်ဂျီကို မလေးမစား လုပ်တာမဟုတ်ပါဘူး။ ဘာကာ ကွာတားတက်လာတာဟာ နှစ်သက်စရာ မကောင်း ပါဘူး။ ဘာကာက ၄-၀ ဂိုးနဲ့ ရှုံးတယ်ဆိုတာ နှစ်တိုင်းဖြစ်တာ မဟုတ်ပါဘူး။ ငါးနှစ်တစ်ခါတောင်ဖြစ်တာ မဟုတ် ပါဘူး။ ဒါကြောင့် ဘိုင်ယန်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ အခုဆိုရင် ဘာကာလည်း ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်းစား တဲ့အထဲ ပါလာပါပြီ’’ဟု အယ်လီဂရီက ပြောသည်။

ယင်းမှာ မိမိတို့အတွက်သတိပေးချက်တစ်ခုဖြစ်သည်ဟုအယ်လီဂရီက ဆက်လက်ပြောသည်။ ဂျူဗင်တပ်သည် ပေါ်တိုကို ပထမအကျော့က  ၂-၀ ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိထားပြီး ဒုတိယအကျော့အဖြစ် အိမ်ကွင်း၌ မတ်လ ၁၅ ရက်တွင် လက်ခံကစားရမည်ဖြစ်သည်။

Ref:Goal