ကညွတ်စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ကညွတ်တွင် Vitamin A ,Vitamin B-Complex, Vitamin C, Vitamin E , Manganese , Selenium စသည်ဖြင့် အဖိုးထိုက်တန်သော ဗီတာမင်များနှင့် သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ ကညွတ်မြစ်ဟာ စိတ်ကျရောဂါကို တိုက်ဖျက် ပေးနိုင်စွမ်းပြီး စိတ်ခံစားမှုစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။

 

ဒါ့အပြင် ကညွတ်ကို စားသုံးပေးခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြော စွမ်းအားများကို တိုးမြှင့်ပေးရုံသာမက ကင်ဆာ ဖြစ်စေသောအရာများစွာကို ကာကွယ်ဟန့်တားပေးနိုင်ခြင်း၊ နှလုံး၊ ပန်းနာရင်ကြပ်၊ မျက်စိအတွင်းတိမ်၊ သည်းခြေ ရောဂါများ၊ အဆစ်ရောင်ရောဂါ၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျောက်တည်ခြင်း နှင့် လေရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ခြင်း၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ အမျှင်ဓာတ်ပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင် ပါတယ်။

ဒါ့အပြင် Folate ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသုံးပါက လမစေ့ခင် ကလေးမီးဖွားခြင်း များ ၊ အာရုံကြောအားနည်းခြင်းများ ၊ ကျောရိုးနာဗ့်ကြောရောဂါဖြစ်ခြင်းများမှ ကာကွယ်ပေးနိုင်သော ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကညွတ်ကို အစိမ်းစားပေးပါက ပိုမိုအစွမ်းအာနိသင် ထက်မြက်စေပါတယ်။

Credit:မြ၀တီ