မစိုးရိမ်ဆရာတော်ကြီးဈာပနအတွက် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ကော်မရှင်ဥက္ကဌ (ငြိမ်း) ဦးတင်အေးနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူငွေများ လှူဒါန်

 

(၂.၃.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ (ငြိမ်း) ဦးတင်အေး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင်နှင့်တို့သည် ပြည်ခိုင်ဖြိုး အဖွဲ့များလိုက်ပါလျက် (၂၇.၂.၂၀၁၇) ညပိုင်းက ပျံလွန်တော်မူသွားပြီဖြစ် သော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယ သဒ္ဒမ္မနယူးပဒေသကျောင်း ဆရာတော်ဘုရားကြီး နိုင်​ငံ​တော်​သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တပဒုမာဘိဝံသ သက်​​တော်​(၈၂)၊ ဝါ​တော်​(၆၂) ဝါ၏ ရုပ်ကလပ်အား သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ဈာပနအတွက် နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန်မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)၊ ကော်မရှင်ဥက္ကဌ (ငြိမ်း)ဦးတင်အေးမှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း (၃၀) တို့ကို ဆရာတော်များ ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးပါတီမှလည်း ဆရာတော်ကြီးရုပ်ကလပ်အား ပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်အား လှူဒါန်းမည်ဖြစ်ပါသည်။

#credit– Zaw Aung Htet