ဒလပြည်ခိုင်ဖြိုးပါတီမှ အခြေခံသိုင်းပညာသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကော်မတီ မှ ကြီးမှူး၍ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်စေရေး၊ ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နှင့်ပူး ပေါင်းကာ အခြေခံသိုင်းပညာသင် တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင် တန်းဖွင့်ပွဲအခမ်း အနားကို မတ်လ (၁) ရက် နံနက် ၈ နာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ဒလပြည်ခိုင် ဖြိုးပါတီနာယကဦးတင့်ခိုင်၊ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် ဒလမြို့နယ် အတွင်းရေးမှူး ဦးဘွန်ချိန်နှင့် ပါတီဝင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကဦးတင့်ခိုင်၊ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြန်မာ့သိုင်း အဖွဲ့ချုပ် ဒလမြို့နယ်အတွင်းရေးမှူး ဦးဘွန်ချိန်တို့ အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်း သားသင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး ယခုလ ၂ ရက်မှ ၁၅ ရက်အထိ နံနက် ၈နာရီမှ ၁ဝ နာရီ အထိ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

Union Daily