မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ခရိုင်မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် ဌေးနှင့် အတွင်းရေးမှူး ဦးဆန်းညွန့် အောင်၊ ခရိုင်ဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ နတ်မောက် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးမောင်ချိန်၊ နတ်မောက်မြိ့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် နတ်မောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်းရေးမှူး ဒေါ်အေးမာဖြူ၊ ဘဏ္ဍာရေးမှူး ဦးသန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များ စုစုပေါင်း ၁၂ဝ ခန့်သည် ဖေဖော် ဝါရီ ၂၆ ရက်က တွေ့ဆုံဆွေးနွေးကြသည်။

ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ”ကျွန်တော်တို့ အစိုးရလက်ထက် သမ္မတဦးသိန်းစိန်၏ စီမံခန့်ခွဲမှု နိုင်ငံတော်နှင့်တကွ တိုင်းရင်းသားမြန်မာလူမျိုးတို့၏ အကျိုးစီးပွား၊ အမျိုးဘာသာ သာသနာ ဘက်စုံကောင်းမွန်စွာဆောင်ရွက် နိုင်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေဟာ မိမိတို့ရဲ့အရပ် ဒေသက ပြည်သူလူထုနဲ့ ရင်းနှီးနေ ဖို့လိုပါတယ်။ သူတို့ရဲ့အကျိုးစီးပွား စတဲ့ ပညာရေး၊ ကျန်းမာရေး၊ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကူညီပေးကြပါ။ ပြည်သူလူထုကလည်း ကျွန်တော်တို့ ခင်ဗျားတို့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေကို အား ကိုးအားထား ဆက်လက်ရှိနေ ပါတယ်။ ၂ဝ၁၅ မှ ပြည်ခိုင်ဖြိုး ပါတီမဲရှုံးသော်လည်း ပါတီနဲ့ ပါတီဝင်လူပုဂ္ဂိုလ်တို့ မရှုံးပါဘူး။ ပြည်သူလူထုက မိမိတို့ဆန္ဒအရ မဲထည့်ပေမယ့် ရှေ့ကိုဘယ်လို အကျိုး သက်ရောက်တယ်ဆိုတာ လူတစ်စု လောက်ပဲ သိတာဖြစ်လို့ပါ။ ဒါကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေက လူထုကြားထဲမှာ ရှင်းပြပေးပါ။ ကျွန်တော်တို့ပါတီကလည်း ပြည်သူ့အတွက် ပြည်သူ့ပါတီဖြစ်ပါတယ်။ ပြည်သူတို့၏ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကို အစဉ်တစိုက်လုပ် ဆောင်နေပါတယ်။ ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ ပြည်သူတွေနဲ့ ထိုက်တန်တဲ့အစိုးရဖြစ်ပေါ်လာဖို့ ပြည်သူအပေါင်းတို့ မဲရွေး၊ မဲပေးမမှားစေဖို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထွန်းမှီ