ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွန့်နှင့် အေးရွာရပ်ကွက် များသို့ ယမန်နေ့နံနက် ၈ နာရီခွဲက ရန်ကုန် အနောက်ပိုင်းခရိုင်ပါတီ ကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင် နှင့် အတွင်းရေးမှူး ဦးဇော် ဝင်းအောင်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်း မြို့နယ် ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များသည် မဲဆန္ဒရှင် ပြည်သူ များနှင့်တွေ့ဆုံ၍ အောင်နိုင်ရေးအလံများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)