ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပန်းတောင်း မေ ၁၅

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ၏ လစဉ် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးပွဲသို့ ပြည် ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေ ဆွေသင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးသောင်းထွန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပါတီ အတွင်းရေးမှူးဒေါ်ဆွေဆွေသင်းက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာ ကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌ များက ပြန်လည်ဆွေးနွေးမှုအပေါ် မြို့နယ်ပါတီစည်းရုံးရေးတာဝန်ခံ ဦးမင်းဇော်က ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်ခရိုင် ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း က နိဂုံးချုပ်ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

သူရအောင်(ပြည်