ကွန်ပျူတာအတွင်း malware ထည့်သွင်းနိုင်သော Google Chrome scam တစ်ခုကို သုတေသီများ သတိပေး

သုံးစွဲသူတွေရဲ့ ကွန်ပျူတာမှာ malware ထည့်သွင်းနိုင်တဲ့ Google Chrome scam တစ်ခုကို ဆိုက်ဘာ လုံခြုံရေး ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Proofpoint လုံခြုံရေးကုမ္ပဏီအနေနဲ့ ဟက်ကာတွေက လုံခြုံရေး အားနည်းတဲ့ ဝက်ဘ်စာမျက်နှာ အတွင်း script ကိုထည့်သွင်းနိုင်တာကို သတိပေးခဲ့ပါတယ်။ အဲဒီ script ဟာ Chrome browser ကိုပစ်မှတ် ထားပြီး အားနည်းတဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကို ဖတ်မရအောင် ပြုလုပ်နိုင်ပါတယ်။ သုံးစွဲသူအတွက် အတု အယောင်ပြဿနာကို ဖြေရှင်းဖို့ ဖန်တီးလိုက်ပါတယ်။

“The ‘HoeflerText’ font wasn’t fount” ဆိုတဲ့ message တက်လာပြီး ကွန်ပျူတာအတွက် update တစ်ခုကို download ပြုလုပ်ခိုင်းပါလိမ့်မယ်။ တစ်ကယ်တော့ အဲဒီ update ဟာ malware တစ်ခုပါ။ အဲဒီ malware ဟာ Widows က Google Chrome သုံးစွဲသူတွေကို ပစ်မှတ်ထားပြီး WordPress ဆိုက်ကနေ တိုက်ခိုက်မှု ပြုလုပ်ပါ တယ်လို့ Rapid7 ဆိုက်ဘာလုံခြုံရေး ပညာရှင် သုတေသနဒါရိုက်တာ တော့ဒ်ဘီယာစလေက ပြောဆိုခဲ့ပါတယ်။

အထက်ပါ malaware လှုပ်ရှားမှုဟာ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့က စတင်ခဲ့တယ်လို့ Proofpoint ကဆိုပါတယ်။ ဒီ malware ဟာ Fleercivet လို့အမည်ရတဲ့ ကြော်ငြာအတု သဏ္ဍာန်နဲ့ ဆင်တယ်လို့ သိရပါတယ်။

Ref: FoxNews