ပုံမှန် Graphic Card တွေထက် လေအေးရရှိမှု ကောင်းမွန်စေမယ့် MSI Graphic Card

Nvidia Graphic Card ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ 10 series Graphic Card အမျိုးအစား MSI Nvidia Geforce GTX 1060 GAMING X 3G Graphic Card ဖြစ်ပါတယ်။

ဒီကတ်ကတော့ TWIN FROZR VI Thermal Design ဖြစ်ပြီး ပါဝင်တဲ့ TORX 2.0 FAN နည်းပညာက ပုံမှန် Fan ဒီဇိုင်းထက် ၂၂ ရာခိုင်နှုန်း လေအ၀င်အထွက် လေအေးရရှိမှုကို ပိုမိုကောင်းမွန်စေပါတယ်။ SUPERSU PIPE နဲ့ ZERO FROZR တို့က အပူချိန်ကို အလိုအလျောက် စွန့်ထုတ်ခြင်းကို အမြန်ဆုံးလုပ်ဆောင်ပေးနိုင်တာကြောင့် အပူချိန် မြင့်တက်ခြင်းကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး အသံဆူညံမှုကင်းစေပါတယ်။

Nvidia ရဲ့ Geforce GTX 1060 graphic engine နဲ့ PCI Express x16 3.0 အသုံးပြုထားပါတယ်။ Gaming Mode နဲ့ Core Clock 1569 MHz အပြင် Boost Clock 1784 MHz လုပ်ဆောင်ပေးနိုင်ပြီး Memory Clock 8108 MHz နဲ့ Memory Interface 192 bits ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Graphic Memory GDDR5 အမျိုးအစား 3GB တပ်ဆင်ပေးထားပါတယ်။ Video Output Display Function အတွက် output အနေနဲ့ Dual-Link DVI-D (1) ခု ၊ HDMI Port (1) ခု ၊ Display Port (3) ခု ပါဝင်ပြီး display monitor (4) ခုအထိ အများဆုံး တပ်ဆင် နိုင်ပါတယ်။

monitor သုံးလုံးပေါင်းစပ်နိုင်တဲ့ Nvidia 3D Vision Surrounding နည်းပညာကိုရရှိနိုင်တဲ့အပြင် SLI နည်းပညာဖြစ်တဲ့ 2 Way SLI ကိုပါ ထောက်ပံ့ထားနိုင်ပါတယ်။ အခြားနည်းပညာ ထောက်ပံ့ချက်အနေနဲ့ HDCP 2.2 , OpenGL 4.5, DirectX 12, Military Class 4, Predator , Afterburner, Gaming App , Gamestream to NVIDIA SHIELD , Virtual Reality (VR) Ready အစရှိတဲ့ နောက်ဆုံးပေါ်နည်းပညာများ ပါဝင်တဲ့အပြင် Max Resolution (7680 x 4320) ထိရရှိနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုး ကန်ဒေါ်လာ ၃၁၅ နဲ့ ကွန်ပျူတာဆိုင် အများစုမှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

# Internet Journal