အုပ်စု၌ မိမိတို့အသင်း အားအနည်းဆုံးဖြစ်ဟု ရတနာပုံနည်းပြချုပ် ရီနီဝန်ခံ

အေအက်ဖ်စီဖလားပြိုင်ပွဲအုပ်စု (ဇ)တွင် ပါဝင်သည့် မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အုပ်စုတွင်း အသင်း သုံးသင်းအနက် အားအနည်းဆုံး ဖြစ်သည်ဟု နည်းပြချုပ် ရီနီက ပြောကြားသည်။

 

ရတနာပုံ အသင်းသည် ၂၀၁၇ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဆင့်၌ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်၊ ဗီယက်နမ် ကလပ် သန်ကွမ်နင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ရတနာပုံအသင်းသည် အုပ်စုအဖွင့်ပွဲ အဖြစ် စင်ကာပူကလပ် ဟုမ်းယူနိုက်တက်နှင့် ဖေဖော်ဝါရီ ၂၂ ရက်(ယနေ့)ညနေ ၅ နာရီတွင် မန္တလာ သီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

‘‘တခြားအသင်းတွေနဲ့ယှဉ် လိုက်ရင် ကျွန်တော့်အသင်းက ပြဿနာအနည်းငယ်ရှိပြီး အား နည်းနေပါတယ်။ ဗီယက်နမ်ကလပ်နဲ့ စင်ကာပူကလပ်က နိုင်ငံခြားကစားသမားအပြည့်နဲ့ အားသာချက်ရှိနေပါတယ်။ ဒါပေမဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ အကောင်း ဆုံးပုံစံရရှိနေပါတယ်။ ဟုမ်းယူ နိုက်တက်နဲ့ ပွဲစဉ်က အသင်းအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာမှာ ပါ’’ဟု ဖေဖော်ဝါရီ ၂၁ ရက်က မန္တလေးမြို့ ရွှေရဲမွန် ဟိုတယ်တွင် ကျင်းပသည့် ပွဲကြိုသတင်းစာရှင်း လင်းပွဲ၌ ရတနာပုံနည်းပြချုပ် ရီနီ က ပြောသည်။

ရတနာပုံအသင်းသည် ယခု နှစ်ရာသီအတွက် နိုင်ငံခြားသား ကစားသမား ခေါ်ယူမှုအဖြစ် နောက်ခံလူ ဝီလျံ (ကင်မရွန်း)တစ်ဦးတည်းသာ ခေါ်ယူထား၍ လူငယ်ကစားသမားများ ပွဲထွက်ခွင့် ပိုမိုရရှိနိုင်ကာ ဟုမ်း ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင်လည်း လူငယ် ကစားသမားများဖြင့်သာ အကောင်းဆုံးကစားနိုင်မည်ဟု ယုံကြည်ကြောင်း ရီနီက ဆက်လက်ပြောကြားသည်။

‘‘တိုက်စစ်မှာ နိုင်ငံခြား ကစားသမား မပါနိုင်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နှစ်ဆကြိုးစားရပါတယ်။ ကောင်းသထက်ကောင်းအောင် ကြိုးစားရင်း အမှားလေးတွေ ဖြစ်ခဲ့ပါ တယ်။ ဒါကိုပရိသတ်တွေက နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အသင်းသားအားလုံး ကြိုးစားကစား နေကြပါတယ်’’ဟု ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းနိုင် စိုးက ပြောသည်။

ရတနာပုံအသင်းတွင် လူငယ်ကစားသမားကောင်းများနှင့် လက်ရွေးစင် ကစားသမားများ ပါဝင်ပြီး အဝေးကွင်း၌ လာရောက်ယှဉ်ပြိုင်ရသည့် ပွဲစဉ်တွင် ၎င်းတို့ အသင်းအနေဖြင့် လွယ်ကူမည် မဟုတ်ကြောင်း ဟုမ်းယူနိုက် တက်အသင်းနည်းပြ ရှာရင်က ဆိုသည်။ ‘‘အဝေးကွင်းမှာ လာရောက်ကစားရတာမို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားမှာပါ။ ရတနာပုံ အသင်းအကြောင်းကို ကြိုတင်လေ့လာထားပါတယ်။ သူတို့အသင်းမှာ လူငယ်ကစား သမားကောင်းတွေနဲ့ လက်ရွေး စင်ကစားသမားတွေ များတယ် လို့ သိထားပါတယ်’’ဟု ရှာရင်က ဆိုသည်။

# 7 Day Daily