အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် ဆတ်တန်ပရိသတ်များ ကွင်းထဲဝင်ရောက်

အက်ဖ်အေဖလားပဉ္စမ အဆင့်ပွဲစဉ်တွင် အာဆင်နယ်ကို  အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောပွဲအပြီးတွင် ဆတ်တန်ပရိသတ်များသည် ဘောလုံးကွင်းထဲ သို့ ၀င်ရောက်ခဲ့ကြသည်။ ပဉ္စမတန်းကလပ် ဆတ်တန် သည် ၎င်းတို့အသင်းသမိုင်းတစ်လျှောက် ဂုဏ်ယူဖွယ်ရာ အကောင်းဆုံးဧည့်ခံမှုအဖြစ် အိမ်ကွင်း ဂျန်ဒါဂရင်းလိန်း တွင် အသင်းကြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သော်လည်း ပရိသတ်များက ပျော်ရွှင်မြူးထူးစွာ ဘောလုံးကွင်း ထဲသို့ ၀င်ရောက်ခဲ့ကြပြီး ဂိုးဘားတန်းကို တွဲခိုခဲ့ကြသည်။

 

ထို့အပြင်အသင်း၏ သူရဲကောင်းဒီယာကွန်ကို ၀ိုင်းရံခဲ့ကြသည်။ ဒီယာကွန်၏ ၂၅ ကိုက်အကွာမှ ကန်သွင်းချက် ဂိုးဘားတန်း ထိကာ ပြန်ထွက်လာခဲ့ပြီး အာဆင်နယ်ဘက်သို့ ခြိမ်းခြောက်နိုင်ခဲ့ သဖြင့် ပရိသတ်များက အားရ ကျေနပ်ခဲ့ခြင်းဖြစ်သည်။ ဒီယာကွန်သည် အာဆင်နယ်လူငယ် အသင်းတွင် ၂၀၀၈ မှ ၂၀၁၁ အထိ ကစား သမား ဘ၀ဖြတ်သန်းခဲ့သည်။

ဆတ်တန်ပရိသတ်များ သည် ပွဲကစားချိန်အတွင်း အ၀ါရောင်မီးတန်းတစ်ခုကို ကွင်းအတွင်းသို့ ပစ်ခဲ့ကြပြီး ကွင်းအတွင်းဝင်ရောက်ခဲ့ကြသည့် ပရိသတ်များအား ရဲများနှင့်လုံခြုံရေးများက ထိန်းချုပ်ခဲ့ရသည်။ အာဆင်နယ် သည် လူးကပ် ပီရက်ဇ်နှင့် သီယိုဝဲလ်ကော့တို့၏ ဂိုးဖြင့် အနိုင်ရခြင်းကြောင့် ဖိအားများကို ရင်ဆိုင်နေရသော အာစင် ၀င်းဂါးအတွက် သက်သာရာရ ခဲ့ပြီး ၀ဲလ်ကော့သည် အာဆင်နယ် အတွက် ဂိုး ၁၀၀ ပြည့် မြောက်ခဲ့ သည်။

ဝင်းဂါးက ကစားသမားများ အာရုံစူးစိုက်မှုအတွက် ပီတိဖြစ်ခဲ့ပြီး ‘‘ကျွန်တော်တို့ စိတ်ပိုင်း ဆိုင်ရာမပြင်ဆင်ထား ခဲ့ဘူးဆိုရင် ဒီနေ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး’’ဟု ၎င်းကပြောကြားသည်။ ထို့အပြင် ၀င်းဂါးက ဆတ်တန် အသင်းအား ချီးကျူးဂုဏ်ပြုခဲ့သည်။

Ref:The Sun