ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

ပါတီ                   –   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ပညာအရည်အချင်း  –   ဒသမတန်း

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ဦးရီးချက်၏ကိုယ်ရေးအကျဉ်း

ကယားပြည်နယ် ဖရူဆိုမြို့ အဖ ဦးစောလုလူ-အမိ ဒေါ်ဒေးမိုးတို့မှ ၁၉၆၄ ခုနှစ်တွင် မွေးဖွားပြီး ၁၉၆၉ ခုနှစ် ဖရူဆိုမြို့ (အထက)၌ မူလတန်းနှင့် အလယ်တန်း ပညာသင်ကြားပြီး ၁၉၇၆ ခုနှစ် လွိုင်ကော်မြို့ အထက (၂)တွင် အထက်တန်းပညာသင်ကြားသည်။

 

ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ

၁၉၉၄ ခုနှစ်မှ ၂ဝဝ၉ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၌ မြို့နယ် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါသည်။

၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ဥပဒေပြုရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၂ဝ၁၅ ခုနှစ်မှစ၍ ဖရူဆိုမြို့နယ် ရွှေကန္ဒရဝတီပညာရေးဖောင်ဒေးရှင်းတွင် နာယကအဖြစ် လက်ရှိအချိန်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအချိန်တွင် ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ပြည်နယ်ကော်မတီအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဖရူဆိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့