ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျေးရွာများသို့ကွင်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီသည် မြို့နယ်အတွင်းကျေး ရွာများသို့ ပါတီဝင်များဖြင့်တွေ့ဆုံ လျက် ထိတွေ့မှုများစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် ကွမ်းခြံကုန်းမြို့နယ် သပြုစမ်းကျေးရွာ ကျေးရွာပါတီ ခေါင်းဆောင် ဦးမြင့်စိုး၏နေအိမ်၌ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ကွင်းဆင်းတွေ့ဆုံရာ သို့ ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေး မှူး ဦးအောင်ကျော်မင်းကပါတီဝင် များ၏အခက်အခဲများ၊ ကျေးရွာရှိ လိုအပ်ချက်များမေးမြန်းမှတ်တမ်းတင် ၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထိုကွင်းဆင်းတွေ့ဆုံမှုတွင်ကွမ်း ခြံကုန်းမြို့နယ် ကော်မတီ ဦးထွန်း ထွန်းလင်း၊ ဦးသန်းအောင်တို့ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)