ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်အဖွဲ့အားတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ် H.E. Hoang Liang နှင့် အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည် တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် တရုတ်ကွန်မြူနစ် ပါတီတို့ကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များ၊ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေ ထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း နှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး သံအမတ်နှင့်အတူ နေပြည် တော် တရုတ်သံရုံးဆက်ဆံရေး တာဝန်ခံ ဒေါ်နွဲ့ကလျာ၊ နိုင်ငံရေး တာဝန်ခံ Mrs. Yang Cheng Cheng နှင့် ဒုတိယအတွင်းဝန် Mr. Wang Xiaofeng တို့ တက် ရောက်ကြကြောင်း သိရသည်။