ပြည်သူများကျန်းမာရေး အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေး

13567289_1643369765983997_865737070196046325_n 13615246_1643371499317157_1705995571159168385_n

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ အလင်းရောင် ဖောင်ဒေးရှင်းနှင့် ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်ကြီး များပူးပေါင်း၍ ဇူလိုင်လ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်မှစတင်၍ အမှတ် (၅၁) ရပ်ကွက်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဝေဒနာရှင်များ လာရောက်ဆေးကုသမှု ခံယူကြကြောင်း သိရသည်။

အဆိုပါဆေးကုသမှုအား နံနက် (၉) နာရီအချိန်မှ ညနေ (၃) နာရီခွဲအချိန်အထိ အထွေထွေရောဂါ၊ အမျိုးသမီး ရောဂါနှင့် ကလေးဝေဒနာရှင်များ စုစုပေါင်း အမျိုးသား (၅၄) ဦး၊ အမျိုးသမီး (၁၆၁) ဦး၊ ကလေးသူငယ် (၃၂) ဦး စုစုပေါင်းလူနာ (၂၄၇) ဦး ကုသပေးခဲ့ကြောင်း သိရသည်။

Credit – Aungmyo Min


Leave a Reply