ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဖြိုးမေတ္တာ(အခမဲ့ ) နယ်လှည့်ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် Dr.တိုးတိုးအောင်ဦးဆောင်သောအဖွဲ့သည် သက္ကောကျေးရွာ ရာမညနိကာယ ဘာပလိုက် ကျောင်း ပဓာန နာယကဆရာတော် ဘုရားအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

မောင်ဆောင်း(ချောင်းဆုံ)