မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မိုးညှင်း ဇွန် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မိုးညှင်းမြို့ရှိ ခရိုင်ပါတီရုံး တိုးချဲ့ဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ် ပါတီကော်မတီဝင် (မိုးညှင်းခရိုင်တာဝန်ခံ) ဦးစိုးဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ဌေး လှိုင်၊ မိုးကောင်း၊မိုးညှင်းနှင့် ဖားကန့်မြို့နယ် တာဝန်ခံ ခရိုင်ပါတီကော်မတီဝင်များနှင့် ခရိုင်အရန်ပါတီ ကော်မတီ ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိုးဝင်းက အမှာစကား ပြောကြားပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းက ခရိုင်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ် တာဝန်ခံ ခရိုင်ပါတီ ကော်မတီဝင်များက စည်းရုံးရေး နယ်မြေအလိုက် ဆောင်ရွက်မည့် ပါတီလုပ်ငန်း ဆိုင်ရာများကို အသီးသီး တင်ပြကြရာ ပြည်နယ်ပါတီ ကော်မတီဝင်နှင့် ခရိုင်ပါတီ ဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။  ဝင်းအောင်(မိုးကောင်း)