ပြည်နယ်ပါတီပါတီဥက္ကဋ္ဌ ပါတီရှေ့လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေနှင့် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)တို့သည် ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းက အမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျောက်ဖြူခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အမ်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ အမ်းမြို့နယ်အနေဖြင့် ပါတီလုပ်ငန်းများ လုပ်ဆောင် ရာတွင် အဆင်ပြေချော့မွေ့စေရန် လုပ်ကိုင် ရမည့်လုပ်ငန်းစဉ်များ၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားရမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမ်းမြို့နယ်ကော်မတီဝင်များမှ ပြည်နယ်ပါတီ၏ လမ်းညွှန် ပြောကြားချက်အပေါ် မိမိတို့၏ ပကတိ မြေပြင်အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအား ပြည်နယ်ပါတီမှ အပြန်အလှန် ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များအား မှာကြားခဲ့သည်။

Nay Cho Thway


Leave a Reply