ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကွမ်ရှီးပြည်နယ် ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့သွားရောက်လေ့လာ

 

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်၈နာရီခွဲက ကွမ်ရှီးပြည်နယ် (GuangXi) ကျွမ့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Baise မြို့ Youjiang ခရိုင် Hope Town လွတ်မြောက်အောင်ဆောင်ရွက်နေမှု အခြေအနေများအား ကျေးရွာအုပ် ချုပ်ရေးမှူးက ရှင်းလင်းဆွေးနွေး ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဝင်များက သိရှိလိုသည်များကိုမေး မြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာသန့်ရှင်း သာယာလှပရေးနှင့် ကျေးလက် ဝန်ဆောင်မှုစခန်း၏ လုပ်ငန်း ဆောင်ရွက်ချက်များအားလှည့်လည် ကြည့်ရှုပြီး နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာလာခဲ့သည်။

ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Baise မြို့Tianyang ခရိုင် Naman မြို့နယ် Lumei ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ဝန်ဆောင်မှုစခန်းမှ ကျေးရွာသူ ကျေးရွာသားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ လက်မှု၊ စည်ရုံးရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေးနှင့်ပတ်သက်၍ ဘက်စုံ ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို လေ့လာခဲ့ကြသည်။

ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ည ၇ နာရီတွင် Tianyang ခရိုင် ကျွမ့်လူ မျိုးများ၏ ရှေးဟောင်းယဉ်ကျေး မှုမြို့တော် Tianzxou မြို့သို့ သွား ရောက်လေ့လာခဲ့ကြသည်။ ဝင်းမြို့ တော်အား မင်မင်းဆက်တွင် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင် ကြီး တိန့်ရှောင်ဖိန်က ပြန်လည်ပြု ပြင်ထိန်းသိမ်းခဲ့သည်။ မြို့တော် အဝင်လမ်းတစ်လျှောက်ရှိ ရှေး ဟောင်းအဆောက်အအုံများ၊ ရှေး ဟောင်း အနုပညာလက်ရာများ၊ ကျွမ့်လူမျိုးတို့ ကပြဖျော်ဖြေမှုများ အား လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြပြီး ည ၉ နာရီခွဲတွင် တည်း ခိုရာ BELA Academy သို့ ပြန် လည်ရောက်ရှိ၍ ညအိပ်ရပ်နားခဲ့ ကြသည်။

မိုးဇော်(နေပြည်တော်)