မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအား ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ အောင်မြေဘုံစံ ကျောင်းတိုက်တွင် နိုဝင်ဘာ (၂၀) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

mdy-kahtein

ကထိန်အလှူတော်မင်္ဂလာတွင် ပင့်သံဃာတော် (၁၁) ပါးနှင့် ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချတရားနာကာ လှူဒါန်းပြီးနောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ဖိတ်ကြားထားသော ဧည့်သည်တော်များအား ထမင်း၊ ဟင်းနှင့် အချိုပွဲတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်သို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မဟာဘုံကထိန်အတွက် စုစုပေါင်းအလှူ ငွေတန်ဖိုးမှာ ကျပ် ၄၄ သိန်းခန့် ရှိကြောင်း သိရသည်။

သုတ


Leave a Reply