ပြည်ထောင်စုနယ်မြေပါတီလစဉ်ပုံမှန်စည်းဝေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၈  နံနက် ၉နာရီက ပြည်ထောင်စုနယ်မြေပါတီ၊ နေပြည်တော်ခရိုင်ပါတီ၊ မြို့နယ် ရှစ်မြို့နယ်မှပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ အစည်း အဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံ ပြည်ထောင်စုနယ်မြေနာယက ဦးသိန်းညွန့်နှင့် ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား ၅ဝ တက်ရောက်ခဲ့ကြသည်။

14947906_676374675865380_3503231841536284737_n

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် က အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစည်းကမ်း ထိန်းသိမ်းရေးနှင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ယခုကတည်းက စတင်ဆောင်ရွက်ကြရန်၊ ပါတီဝင်များ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဗဟိုအတိုင်ပင်ခံ ပြည်ထောင်စုနယ်မြေနာယက ဦးသိန်းညွန့်ကလည်း အနာဂတ်လူငယ်များ ပါတီကို ဦးဆောင်နိုင်ရန် လိုအပ်ပြီး ဦးဆောင်နိုင်မည့်လူငယ်များကို တာဝန်အသီးသီး ပေးအပ်ခဲ့ကြောင်း၊ ပါတီရည်ရွယ်ချက်များဖြင့် အနှစ်သာရ ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်ရန်ဖြစ်ကြောင်း၊ နယ်မြေအလိုက် အောင်နိုင်ဖို့လိုအပ် ပါကြောင်း၊ ပါတီအောင်နိုင်ရေးအတွက် အဓိကထားစေလိုကြောင်း၊ ငါပါမှဆိုတဲ့စိတ် မရှိသင့်ကြောင်း၊ လမ်းညွှန်ပြော ကြားခဲ့သည်။

ဆက်လက်၍ နာယကများနှင့် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးတို့က ပါတီလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှု များ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသည်များကို တက်တက်ကြွကွဖြင့် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီးနောက် နေပြည်တော်ခရိုင်ဥက္ကဋ္ဌနှင့် မြို့နယ်ဥက္ကဋ္ဌများက ပါတီလုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က လုပ်ငန်း လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့နောက် ပြည်ထောင်စုနယ်မြေနာယက ဦးသိန်းညွန့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။


Leave a Reply