လယ်ဝေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ နယ်မြေကွင်းဆင်းစည်းရုံးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယခုလ ၂၁ ရက်က လယ်ဝေးမြို့နယ် အနောက်ခြမ်း ဝေးလံခေါင်ပါးသည့် ကျေးရွာများ ဖြစ်သည့် လယ်တာကြီးကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

14671311_269126000149277_3391935468086287605_n

လယ်ဝေးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦး၊ အတွင်းရေးမှူး ဦးကိုကို (နယ်မြေတာဝန်ခံ)၊ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးမင်း၊ ကော်မတီဝင် ဦးကိုကြီးတို့နှင့် ပါတီဝန်းရံသူများဖြစ်ကြသည့် ဦးဇော်အောင်၊ ဦးမောင်အေး တို့သည် ဥသျှစ်လှိုင်းကျေးရွာအုပ်စု ကျောက်မီးကူ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောက်မီးကူကျေးရွာသည် ယခင်ကာလများက လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့သော်လည်း ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက် တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမှတစ်ဆင့် ကျောက်မီးကူကျေးရွာသို့ ကျောက်ချောလမ်း ဖောက်လုပ်ပေးခဲ့သဖြင့် ယခုအခါ လမ်းပန်းဆက်သွယ်ရေး လွန်စွာကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအား အထူးကျေးဇူးတင်ရှိကြောင်း၊ ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းအား အခြေခံ ပညာအလယ်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးပါရန်ဆွေးနွေးခဲ့ကြသည်။

အလားတူ မြို့နယ်ကော်မတီဝင်များကလည်း မိမိတို့သက်ဆိုင်ရာ နယ်မြေအလိုက် ကွင်းဆင်းဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။

ဟိန်းအောင်(နေပြည်တော်)


Leave a Reply