ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်လောင်းလှူ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို အောက်တိုဘာ (၁၇) ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်စုများ၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း အသီးသီးတို့က မဏ္ဍပ်များထိုးကာ လှူဒါန်းမှုအစုစု တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

kyo-pin-kyauk

အဆိုပါ ဆွမ်းဆန်းစိမ်းလောင်းလှူဒါန်းပွဲသို့ ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြတ်ဘုရားအား အမှူးထား၍ ရပ်ကွက်အုပ်စုများမှ ဝါဆိုသံဃာ ၂၁၆ ပါး၊ သီလရှင် ၃၉ ပါး၊ စာသင်တိုက်ကြီးများ မှသံဃာ ၁၉၉ ပါး၊ သီလရှင်အပါး ၂ဝဝ စုစုပေါင်း သံဃာနှင့် သီလရှင် ၆၅၄ ပါးတို့ကို ဆွမ်းဆန်စိမ်းနှင့်ဝတ္ထုငွေများ လှူဒါန်းပူဇော်ခဲ့ ကြောင်းသိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply