ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)အကြောင်းသိကောင်းစရာ ဟောပြောပွဲသို့တက်ရောက်

 

မန္တလေး မတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမ ၌ကျင်းပသော မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈)အကြောင်းသိကောင်း စရာဟောပြောပွဲကို တက်ရောက်ခဲ့သည်။

ဟောပြောပွဲအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြု ဖွင့်လှစ်ပြီးနောက် ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာ စကားပြေားခဲ့သည်။

ဆက်လက်၍ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ရှင်းလင်းဆွေးနွေး ခြင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည် များအား ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန် ရှိသူများက ဖြေကြားရှင်းလင်းခဲ့ကြသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က နိဂုံးချုပ်အမှာစကားပြောကြား၍ ဟောပြောပွဲအောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အခန်းအလိုက်ခေါင်းစဉ်များ၊ ဥပဒေပုဒ် များ၊ သိကောင်းစရာများအား ပါတီဝင် များကတစ်ဆင့် ပြည်သူလူထုထံသို့ မျှဝေ နိုင်ရန်အတွက် ဟောပြောဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဟောပြောပွဲသို့ ပါတီဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ကော်မတီ ဝင်များ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ အမရပူရနှင့်ပုသိမ်ကြီးမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ၊ အဆိုပါ မြို့နယ် များမှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ အပါ အဝင် စုစုပေါင်း ၅ဝဝကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သုတ(မန္တလေး)