ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး အနောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော် မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းသင်းမိုးတို့သည် စက်တင် ဘာလ (၂၇)ရက် နေ့လည် (၁) နာရီအချိန်က အနောက်ပိုင်းခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

Myo Chit Thawy‎


Leave a Reply