တရုတ် ၊ ရုရှား နိုင်ငံများနှင့် ကုန်သွယ်ရေး တံခါးဖွင့်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

14508680_1246245588732922_1161408350_n

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက“ကျွန်ုပ် နှင့် အမေရိကန်ကြားက နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်၍” ဟူသော ကြွေးကြော်သံဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တံခါးဖွင့်ပြီး တရုတ်၊ ရုရှားနိုင်ငံ များနှင့် ကူးလူးဆက်ဆံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထုတ်ဖော်ပြောကြား လိုက်သည်။

လေကြောင်းလိုင်းကဏ္ဍ၊ သတင်းဆက်သွယ်ရေးကဏ္ဍများ၊ သင်္ဘောပို့ဆောင်ရေး အပါအဝင် တရုတ် နှင့် ရုရှား နိုင်ငံများအား နှစ် ၆ဝ မြေငှားရမ်းခွင့်ကို နောက်ထပ် နှစ် ၆ဝ ထိ သက်တမ်းတိုးပေးမည့် အစီအစဉ်များကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒူတာတေး ကဆိုသည်။

“ အမေရိကန်နဲ့ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီးသွားပါတော့မယ်။ အဲဒီဆုံမှတ်ကနေ နောက်ပြန်လှည့်ဖို့ မရှိတော့ ပါဘူး” ဟု မာလာကာနန် (Malacanang) သမ္မတ အိမ်တော်၌ ကျင်းပသည့် ကျမ်းကျိန်ပွဲတွင် ဒူတာတေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်ခြင်း“ cross the Rubicon ” အဓိပ္ပါယ်မှာ ဆုံမှတ်တစ်ခုကို ဖြတ်ကျော်ပြီးချိန်တွင် နောက်ပြန်မလှည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

အဆိုပါ စကားလုံးသည် ပုန်ကန်ထကြွရန်အတွက် ဘီစီ ၄၉ ခုနှစ်တွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ရူဘီကွန်မြစ်ကို ဂျူလီးယက်ဆီဆာ၏ တပ်ဖွဲ ဝင်များက ဖြတ်ကျော်ခဲ့ခြင်းကို ညွှန်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)


Leave a Reply