ကတ်ရှ်မီးယားပိုင်ဆိုင်ရေးအိပ်မက်ကို စွန့်လွှတ်ရန် ပါကစ္စတန်ကို အိန္ဒိယပြော

14470802_1246245708732910_1061185510_n

နယူးယောက် စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆူရှာမာဆာရာဝက်က ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒနိုင်ငံဟု စွပ်စွဲ လိုက်ပြီး အငြင်းပွား ကတ်ရှ်မီးယားနယ်မြေ ပိုင်ဆိုင်မှု ထိန်းချုပ်ခွင့်ကို လက်လျှော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ (၂၆) ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများကို အပြစ်တင်ခဲ့သည့် ကတ်ရှ်မီးယားရှိ အိန္ဒိယစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကြောင့် ကာလကြာရှည်တင်းမာမှုများကို အရှိန်မြှင့်ခဲ့သည်။

ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဆူရှာမာ ဆာရာဝက်က “ပါကစ္စတန်က ဆက်လက်ငြင်းဆိုနေပါသေးတယ်၊ တိုက်ခိုက်မှုတွေက သူတို့လိုချင်တဲ့နယ်မြေကို ပြန်ရဖို့ တစ်ဖက်လက်နဲ့ လုပ်တာပဲဖြစ်ပါတယ်၊ ကျွန်မအကြံပေး ချင်တာကတော့ ပါကစ္စတန်အနေနဲ့ ဒီအိပ်မက်ကို စွန့်လွှတ်လိုက်ပါ၊ ဂျမ်မူးနဲ့ ကတ်ရှ်မီးယားတို့ဟာ အိန္ဒိယရဲ့ အစိတ်အပိုင်းဖြစ်ပြီးတော့ ဆက်လက်ပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်” ဟုဆိုသည်။

Ref:AFP


Leave a Reply