မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး တွေ့ဆုံညှိနှိုင်း

 

မြိတ်၊ ​ အောက်တိုဘာ  ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ မျက်နှာစုံညီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာလ ( ၇) ရက်၊  နေ့လည် (၁းဝဝ) အချိန်တွင် မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည် ။

တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အောင်နိုင်ရေး မြေစိုက်ဗွီနိုင်းစိုက်ထူ Door To Door လုပ်ငန်းများ ဆောင်ရွက်

 

တနင်္သာရီ အောက်တိုဘာ

မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗွီနှိုင်းပိုစတာများ စိုက်ထူ

 

မြိတ်၊ အောက်တိုဘာ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့မှ အောက်တိုဘာ  ၅ ရက်တွင် မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု၊ စလွန်းကျေးရွာအုပ်စု၊ မင်းသန်းကျေးရွာအုပ်စုတို့၌ ပါတီအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း ဗွီနှိုင်းဆိုင်းဘုတ်များကို စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုး​မြင့်၊ ဦးဇော်လှိုင်ဝင်းနှင့် ဦးကျော်ကျော်ဦးနှင့်အတူ ရပ်ကွက်နှင့်ကျေးရွာ ပါတီခေါင်းဆောင်များနှင့် ပါတီ ဝန်းရံသူများက ကျန်းမာရေးဌာန သတ်မှတ်ချက်နှင့်အညီ လိုက်ပါဆောင် ရွက်ခဲ့ကြပြီး လွတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုင်းဘုတ်အား အမွေးနံ့သာရေများဖြင့် ပစ်ဖျန်းခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ကြကြောင်း သိရှိ ရသည်။  ပြည်ခိုင်ဖြိုးပါတီ (မြိတ်)

မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဗွီနှိုင်း ပိုစတာများစိုက်ထူ

 

မြိတ်၊ စက်တင်ဘာ

မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့မှ စက်တင်ဘာ လ ၂၈ ရက်တွင် မြိတ်မြို့၊မြိတ်တောင်ရပ်၊ မြိတ်တောင်ကျေးရွာ၊ အလယ်ကျွန်းရပ်၊ စျေးတန်းရပ်နှင့် ဂေါက်ကလပ် လမ်းဆုံတို့၌ ပါတီအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း ဗွီနှိုင်းဆိုင်းဘုတ်များကို စိုက်ထူခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရှမ္မတွင်းကျေးရွာ၊ သုသာန်နားနေဆောင် ဆောက်လုပ်ရာ၌ အလှူငွေများ လှူဒါန်း

 

ထားဝယ်၊စက်တင်ဘာ ၇

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း နှင့်မြို့နယ်ကော်မတီဝင်များသည် ယနေ့နံနက်၉နာရီတွင် ရှမ္မတွင်းကျေးရွာရှိ သုသာန်အတွင်းမြတ်ဒါန နာရေးကူညီမှု အသင်းမှ နားနေဆောင်ဆောက်လုပ်‌လျှက်ရှိသည့် နေရာသို့ နယ်မြေတာဝန်ခံ ဦးဝင်းမြင့်နှင့် ရှမ္မတွင်း ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်ထွန်းကြူတို့နှင့်အတူ သွားရောက်၍ အလှူငွေနှစ်သိန်းကျပ်အား ပါဝင် လှူဒါန်းရာ နားနေဆောင် ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်စွာဝင်းမှ လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြောကြားပြီး သာဓုထောပနာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရှိ အရေးပေါ် နာရေးအကူကားအတွက် ဓာတ်ဆီဂါလန် ၅ဝ ပေးအပ်လှူဒါန်း

 

ထားဝယ် စက်တင်ဘာ ၂

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးယုနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ထားဝယ်အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရုံးသို့ သွားရောက်ကာ အရေးပေါ်နာရေးအကူ ကားအတွက် လူနာကူညီပို့ဆောင်ရေးများတွင် အသုံးပြု နိုင်ရေးဓာတ်ဆီ ဂါလန် ၅ဝ အား ပေးအပ်လှူဒါန်းရာ အာယုဒါနအောက်ဆီဂျင်အဖွဲ့ တာဝန်ခံဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက လက်ခံရယူ၍ ကျေးဇူးတင်စကားများပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်ကျေးရွာအုပ်စု ပါတီရုံးများ၌ ပါတီဆိုင်းဘုတ်များ စိုက်ထူဖွင့်လှစ်

 

ထားဝယ်၊ဩဂုတ် ၂၀

ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ တနင်္သာရီတိုင်း ဒေသကြီး တိုင်းအရန်ပါတီကော်မတီဝင် ဦးဟန်စိန်၊ ထားဝယ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်နှင့် ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝဏ္ဏကျော်တို့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်အားဖူး မြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းနှင့် ဘာဇေယျဋ္ဌာနီတိုက် ကျောင်းဆရာတော်ထံမှ အနုမော ဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။ ယင်းနောက် ရေဖြူမြို့နယ် ပေါက်ပင်ကွင်းဒေသခံများနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နောက်လယ်ရပ်ကွက် ဒေသခံများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ လှူဒါန်း

 

မြိတ် သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နောက်လယ်ရပ်ကွက်သူ ရပ်ကွက်သားများထံ ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ကော်မတီဝင်များနှင့် တာဝန်ရှိပါတီဝင်များက နောက်လယ်ရပ်ကွက်အတွင်းရှိ စားဝတ်နေရေးခက်ခဲ သော ပြည်သူများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း အစရှိသည်တို့ကို ရပ်ကွက်တွင်းရှိ ရပ်ကွက်သူရပ် ကွက်သားများထံသို့ တိုက်ရိုက်ထောက်ပံ့ပေးအပ်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၆/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “တနင်္သာရီတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-