မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဗွီနှိုင်း ပိုစတာများစိုက်ထူ

 

မြိတ်၊ စက်တင်ဘာ

မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့မှ စက်တင်ဘာ လ ၂၈ ရက်တွင် မြိတ်မြို့၊မြိတ်တောင်ရပ်၊ မြိတ်တောင်ကျေးရွာ၊ အလယ်ကျွန်းရပ်၊ စျေးတန်းရပ်နှင့် ဂေါက်ကလပ် လမ်းဆုံတို့၌ ပါတီအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း ဗွီနှိုင်းဆိုင်းဘုတ်များကို စိုက်ထူခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပါတီအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ လွတ်တော် ကိုယ်စားလှယ်လောင်း၊ ဦးမိုးမြင့်၊  ဦးမောင်မောင်ထွန်း၊ ဦးဇော်လှိုင်ဝင်း၊  ဦးမောင်တုတ်နှင့် ဦးကျော်ကျော်ဦး အပါအဝင် ရပ်ကွက်နှင့် ကျေးရွာပါတီခေါင်းဆောင်များ၊ ပါတီဝန်းရံသူများက ကျန်းမာရေးဌာန သတ်မှတ်ချက်နှင့် အညီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်  စိုက်ထူခြင်း၊ ဒေသခံများထံ Maskနှင့် လက်ကမ်းစာစောင်များ လှည့်လည်ဝေငှပေး​ခြင်း လုပ်ငန်းစဥ်များတို့ကို လိုက်ပါဆောင်ရွက်ကြပြီး လွတ်တော်ကိုယ်စား လှယ်လောင်းများက ဆိုင်းဘုတ်အား အမွေးနံ့သာရေများဖြင့်ပစ်ဖျန်းခြင်းတို့ကို ဆောင်ရွက်​ခဲ့ကြကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ (မြိတ်)