တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အောင်နိုင်ရေး မြေစိုက်ဗွီနိုင်းစိုက်ထူ Door To Door လုပ်ငန်းများ ဆောင်ရွက်

 

တနင်္သာရီ အောက်တိုဘာ

တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်သည် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝန်းရံသူများနှင့် အတူလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက သကျက်ကျေးရွာအုပ်စု ခြောက်မိုင်ကျေးရွာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း Door To Door လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပြီး မဲဆန္ဒရှင်များအား ဆန္ဒမဲပေး ရာတွင် ဆန္ဒမဲများအလေအလွင့် မဖြစ်စေရေးအတွက်မဲပေးမှု မှန်ကန်စေရန် မဲပေးသည့်နည်းစနစ်များ ကို ပြသပေး ခဲ့ကြောင်းနှင့် ယနေ့ နံနက် ၁ဝ နာရီ ၄၅မိနစ်တွင် ၄င်းတို့နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းမြင့်သန်း၊ မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းမြင့် တို့ ပူးပေါင်းလိုက်ပါ၍ တောင်ဘိန်းကျေးရွာနှင့် ကွင်းသစ်ကျေးရွာတို့တွင် အောင်နိုင်ရေးမြေစိုက် ဗွီနိုင်းများစိုက်ထူ ပြီး အမွှေးနံ့သာရည် ပက်ဖျန်းခဲ့ကြောင်း သိရသည်။ဖြူမျိုး(တနင်္သာရီ)