တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

တနင်္သာရီ နိုဝင်ဘာ ၉

ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်ပြီး ပါတီဝင်များအား ကိုယ်တိုင်ချီးမြှင့်အားပေးလျှက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ရေဖြူမြို့နယ်ရှိ ရှင်ကိုးရှင် ကလိန်အောင်သမိုင်းဝင် ဆံတော်ရှင်စေတီတော်မြတ်ကြီးအားဖူးမျှော်ကြည်ညို

တနသာင်္ရီ နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ တနသာင်္ရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များသည် ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီတွင် တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ရှင်ကိုးရှင် ကလိန်အောင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုကန်တော့ကာ စေတီတော်ဂေါပကအဖွဲ့အား စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့မှပေးအပ်သော စေတီတော်ဓာတ်ပုံများအား ကြည်ညိုပူဇော်ရန်လက်ခံရယူခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

မြိတ်မြို့နယ် ၊ပြည်ခိုင်ဖြိုးပါတီက ဗုဒ္ဓဘာသာယဉ် ကျေးမှုဓမ္မစကူး သင်တန်းသူ/သား (၄၅၀)ကို အဟာရ တိုက်ကျွေးလှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကဦးဆောင်စီစဉ်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသူ/သားများအဟာရတိုက်ကျွေးခြင်းကိုမြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ဘဏ္ဍာ​ရေးမှူး ဒေါ်နီလာမြင့်နှင့် ကော်မတီဝင်များ ၊ရပ်ကွက် ကျေးရွာအုပ်စု ပါတီစည်း/မှုးများနှင့်ပါတီဝင်များက ၂၀၁၇ ​စက်တင်ဘာလ(၁၇)ရက်နေ့လည်ပိုင်းတွင် မဇော- ပြင်ကြီးကျေးရွာ သာသနာ့အလင်းရောင် ကျောင်းတိုက်သို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်​​ကျောင်းတိုက်​သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

 

မြိတ်မြို့YBA ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ
ကြီးမှူးကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကြီးတွင်
မေလ (၈)ရက်နေ့ညနေ၃းဝဝအချိန်တွင်
မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှရပ်ကွက်/ကျေးရွာအသီးသီးကပါတီဝင်
လူငယ်မောင်မယ်စုပေါင်း၍ ကုသိုလ်ဖြစ်ပါဝင်အား ဖြည့်ကြကာ ပွဲတော်သို့ဘုရားဖူးလာရောက်ကြသည့် ဧည့်သည်များ အားမှုန့်တီလှော်၊ဖျော်ရည် စသော စတုဒီသာများဖြင့်လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက်မြိတ်မြို့နယ်
ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများက စည်းရုံးရေးမှူးများနှင့်ပါတီိဝင်လူငယ်မောင်မယ်များက ဒီပင်္ကရာမြတ်စွာဘုရားပူဇော်ခံရာယာယီစံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားကဆုန်ညောင်ရေ များသပ္ပါယ် သွန်းလောင်း ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကွန်ပျူတာ| မိုဘိုင်းဖုန်း အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားမောတောင်မြို့

 

၂၀၁၇ခုနှစ် ဧပြီ ၀၇း ၃၅အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာ၊ မိုဘိုင်းဖုန်းအခမဲ့သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပြုခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

 

ထားဝယ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံ ခန့်ခွဲမှုနည်းပြ ဆင့်ပွားသင်တန်း (၁/၂ဝ၁၇)သင်တန်းဆင်းပွဲ အခမ်း အနားကို တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲကကျင်းပခဲ့သည်။
အခမ်းအနားတွင် ပါတီဗဟို ကော်မတီဝင် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနေမျိုးက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပြီး သင် တန်းဆင်းလက်မှတ်များကို ခရိုင် ပါတီအတွင်းရေးမှူး ဦးထိန်ဝင်း ကသင်တန်းသူတစ်ဦးအားစုပေါင်း ပေးအပ်သည်။ ထို့နောက် အမှတ် တရစုပေါင်းဓာတ်ပုံရိုက်ကာ သင် တန်းဆင်းပွဲအခမ်းအနားကို အောင် မြင်စွာ ရုပ်သိမ်းလိုက်သည်။
ထိုသင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ ၅၁ ဦးတက်ရောက် ခဲ့ကြသည်။