Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

Walt Disney ကုမ္ပဏီက နာမည်ကြီးမူရင်းအန်နီးမေးရှင်းဇာတ်ကား Moana ကို live action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ The Rock အဖြစ် သိကြတဲ့ မင်းသား ဒွိန်း ဂျွန်ဆင်က ဧပြီလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လုပ်ကြံရေးသမားမိခင်အကြောင်းရိုက်ကူးထားသည့် တောင်ကိုရီးယားဇာတ်ကား Netflix မှာ နာမည်ကြီးနေ

Kill Boksoon လို့နာမည်ရတဲ့ တောင်ကိုရီးယားဇာတ်ကားက ပထမဆုံးသီတင်းပတ်ထဲမှာပဲ ကမ္ဘာတစ်ဝန်း Netflix ရဲ့လူကြိုက်များ ရုပ်ရှင်စာရင်းမှာ ထိပ်တန်းနေရာကို တက်လာခဲ့ကြောင်း သိရပါတယ်။ အင်္ဂါနေ့က အထိ နံပါတ် ၃ နေရာမှာ ရောက်နေပါတယ်။

အော်စကာဆုရ ဂျပန်တေးရေးဆရာ ရူအီချီ ဆာကာမိုတို အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်

နာမည်ကျော် “Merry Christmas, Mr. Lawrence” နဲ့ “The Last Emperor” ရုပ်ရှင်ကားတို့အတွက် တေးသီချင်းတွေ ရေးစပ်ပေးခဲ့တဲ့ အော်စကာဆုရ ဂျပန် ဂီတစာဆို ရူအီချီ ဆာကာမိုတိုဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

မတ်လ ၂၈ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားပါတယ်။ ဆာကာမိုတိုဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေရသူလည်း ဖြစ်ပါတယ်။

အက်ရှင်နဲ့ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့သရုပ်ဆောင်တွေရှိလားဆိုတဲ့ မေးခွန်းကို မျက်ရည်ဝဲပြီး ဖြေကြားခဲ့တဲ့ ဂျက်ကီချမ်း

ကိုယ်ခံပညာမင်းသားကြီး ဂျက်ကီချမ်းဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အက်ရှင်နဲ့ ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့ သရုပ်ဆောင်တွေရှိလားမေးတဲ့အချိန် မျက်ရည်ဝဲခဲ့ရပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အက်ရှင်သရုပ်ဆောင်အသစ် အရေအတွက်ကျဆင်းလာတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အရင်ဆုံး မေးမြန်းခဲ့တာပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး ဂျက်ကီချမ်းက အခုလို ထုတ်ပြောခဲ့ပါတယ်။ “ဒုတိယဂျက်ကီချမ်းကို တကယ်ရှာချင်ခဲ့ပေမဲ့ အရမ်းခက်ခဲတယ်”တဲ့။ အက်ရှင်သရုပ်ဆောင်တွေ ကိုယ်ခံပညာဘယ်လောက်ကောင်းကောင်း သူတို့ကို အားပေးကြတာ၊ တောင်းဆိုကြတာမရှိဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

Calvin Klein ရဲ့ သံတမန် ဖြစ်လာခဲ့တဲ့ BTS အဖွဲ့ဝင်Jungkook

BTS အဖွဲ့ဝင် Jungkook အား Calvin Klein Jeans and Underwear ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း Calvin Klein က တရားဝင် ကြေညာခဲ့ပါတယ်။

မိဘကျေးဇူး မမေ့လျော့သလို ဘဝမမေ့တဲ့ အလှမယ်

သူ့အဖေက သုံးဘီးမောင်းတယ်။ သူ့အမေက အလှပြင်ဆိုင်လေး ဖွင့်တယ်။ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ရှာတာတောင် စားဝတ်နေရေးက အလျင်မီရုံလေးပဲ ရှိတယ်။ မန်ယာဆင်းမ်က ငယ်ငယ်ကတည်းက ငွေရှာရကောင်းမှန်း သိတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို သူ့မှာ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့လေ။

တေလာဆွစ် ရဲ့ လာ့စ်ဗီးဂတ်ဖျော်ဖြေပွဲမှာ နာမည်ကျော် အများအပြားတက်ရောက်အားပေး

အမေရိကန် နာမည်ကျော် အဆိုတော် တေလာဆွစ် က ယခုသီတင်းပတ်ကုန် လာ့စ်ဗီးဂတ်စ်မြို့မှာ The Eras Tour ဖျော်ဖြေပွဲ နှစ်ပွဲကို တင်ဆက်ခဲ့ပြီး နာမည်ကျော် အများအပြားလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

တေလာ ဆွစ်ရဲ့ ဖျော်ဖြေပွဲကို သူ့ရဲ့ဆယ်လီ မိတ်ဆွေတွေ အများအပြား လာရောက်အားပေးတဲ့ အထဲမှာ နာမည်ကျော် အမ်မာ နှစ်ယောက်ဖြစ်တဲ့ အမ်မာဝပ်ဆန် နဲ့ အမ်မာ ရောဘတ် တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒါရိုက်တာ Jordan Peele ရဲ့ ရုပ်ရှင်သစ်ကို ၂၀၂၄ မှာ ရုံတင်ပြသမယ်

◼ နာမည်ကျော် horror ရုပ်ရှင်တွေဖြစ်ကြတဲ့ Get Out, Us နဲ့ Nope တို့ရဲ့ ဒါရိုက်တာ Jordan Peele ဟာ သူ့ရဲ့ ရုပ်ရှင်ကားသစ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

◼ Jordan Peele ဟာ Nope ရုပ်ရှင်အပြီးမှာ နောက်ထပ်ရုပ်ရှင်ကားတစ်ကားကို သူကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ နေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၄ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄) မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ  ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါ တယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခု အနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်း​ခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့ အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ် တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။

ချစ်သူသက်တမ်း ၈ နှစ်အကြာမှာ ရွှေလက်တွဲကြတော့မယ့် အဆိုတော် ဆဲဗင်းနဲ့ မင်းသမီးလီဒါဟေး (ချိုဝမ်)

“My Girl” ဇာတ်လမ်းတွဲနဲ့ ချိုဝမ်အဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ မင်းသမီးလီဒါဟေးဟာ ၈ နှစ်တာ တွဲလာခဲ့တဲ့ သူ့ချစ်သူကောင်လေး အဆိုတော် ဆဲဗင်းနဲ့ လက်ထပ်တော့မှာပါ။ မတ်လ ၂၀ ရက်နေ့မှာ သူတို့စုံတွဲ လက်ထပ်တော့မယ့်သတင်းကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေကတဆင့် ပရိသတ်တွေကို အသိပေးလိုက် တာပါ။ အဆိုတော် ဆဲဗင်းက အခုလို စာရေးသားပြီး အသိပေးခဲ့တာပါ။