ချစ်သူသက်တမ်း ၈ နှစ်အကြာမှာ ရွှေလက်တွဲကြတော့မယ့် အဆိုတော် ဆဲဗင်းနဲ့ မင်းသမီးလီဒါဟေး (ချိုဝမ်)

“My Girl” ဇာတ်လမ်းတွဲနဲ့ ချိုဝမ်အဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ မင်းသမီးလီဒါဟေးဟာ ၈ နှစ်တာ တွဲလာခဲ့တဲ့ သူ့ချစ်သူကောင်လေး အဆိုတော် ဆဲဗင်းနဲ့ လက်ထပ်တော့မှာပါ။ မတ်လ ၂၀ ရက်နေ့မှာ သူတို့စုံတွဲ လက်ထပ်တော့မယ့်သတင်းကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေကတဆင့် ပရိသတ်တွေကို အသိပေးလိုက် တာပါ။ အဆိုတော် ဆဲဗင်းက အခုလို စာရေးသားပြီး အသိပေးခဲ့တာပါ။

“မင်္ဂလာပါ..ကျွန်တော် ဆဲဗင်းပါ။ ၂၀၂၃ က ကျွန်တော် အဆိုတော်အဖြစ် ပွဲဦးထွက်တာ နှစ် ၂၀ ပြည့်မြောက်တဲ့နှစ်ပါ။ မပြောင်းလဲဘဲ အမြဲတမ်းအားပေးလာခဲ့တဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေမပါဘဲ အခုလိုဖြစ်မလာနိုင်ပါဘူး။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့…အရင်ဆုံး ပရိသတ်တွေကို ဝမ်းသာစရာ သတင်းမျှဝေပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်တာလုံး ချစ်ခြင်းမေတ္တာတွေနဲ့ ထွေးပွေ့လာခဲ့တဲ့၊ ဘဝ အတက်အကျတွေမှာ ကျွန်တော်နဲ့ ရှိနေပေးခဲ့တဲ့ ကျွန်တော့်ချစ်သူကောင်မလေး လီဒါဟေးနဲ့ မေလ ၆ ရက်နေ့မှာ လက်ထပ်ဖို့ ကတိပြုထားပါတယ်။ အခုကစပြီး အိမ်ထောင်ဦးစီးအဖြစ်၊ ခင်ပွန်းတစ်ယောက်အဖြစ် တာဝန် သိစိတ်အပြည့်နဲ့ ပိုပြီးရင့်ကျက်စွာ နေထိုင်သွားမှာပါ။ ကျွန်တော့်ကို အမြဲအားပေးခဲ့တဲ့သူတိုင်းကို ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ်။ ပရိသတ်တွေကို ထပ်ပြီး နှုတ်ဆက်ဦးမှာပါ။ ကျေးဇူးတင်ပါတယ်”

မင်းသမီး လီဒါဟေးဘက်ကလည်း “အားလုံးပဲ မင်္ဂလာပါ။ ကျွန်မ လီဒါဟေးပါ..ကျွန်မတို့ ချစ်သူဖြစ်တာ ၈ နှစ်ရှိပြီဆိုတာ အံ့ဩစရာတော့မဟုတ်ပေမဲ့ ဘာလို့ အရမ်းရှက်နေသလိုခံစားနေရမှန်းမသိဘူး။ ပရိသတ်တွေကို ဒီအကြောင်းနဲ့ပက်သတ်ပြီး ဘယ်လိုပြောရမလဲ တော်တော် စဥ်းစားခဲ့ရတယ်။ အခုလာမယ့်မေလမှာ နှစ်ရှည်ချစ်သူ ဆက်ဆံရေးကနေ အိမ်ထောင်တစ်ခုအဖြစ်ထူထောင်ဖို့ ကျွန်မတို့ ကတိပြုခဲ့ပါတယ်။ သူ့ကို ချစ်သူကောင်လေးလို့ ခေါ်ရတာအကျင့်ပါနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ဘေးကနေ ကာကွယ်ပေးပြီး ပျော်ရွှင်မှုပေးတဲ့ ဒီလူကို ပိုငဲ့ညှာပြီး ခွန်အားတွေပေးမယ့် ဇနီးကောင်းဖြစ်လာတော့မှာပါ။ ပရိသတ်ဆီက ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးပေးမှုတွေနဲ့အတူ ကျွန်မတို့ လက်ထပ်နိုင်မယ်ဆိုရင် ကျွန်မတို့ တကယ်ပျော်ရွှင်ရမယ်ထင်တယ်။ အနာဂတ်မှာ မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို မင်းသမီးတစ်ယောက်အနေနဲ့ရော ဇနီးတစ်ယောက်အနေနဲ့ပါ အထင်ကြီးစရာတွေပြပြီး ပြန်ပေးဆပ်သွားမှာပါ။ ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တာပါ။

ဆဲဗင်းနဲ့ လီဒါဟေးတို့ဟာ ၂၀၁၅ ခုနှစ်မှာ စတွဲခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင် အတည်ပြုပေးခဲ့တာပါ။  Team (ရိုးရာလေး)