ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံအကြို မြို့နယ်ပါတီ၏ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်သုံးပိုင်းခွဲ၍ကျင်းပကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်​အတွက်​ (တတိယ) အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့် တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်

 

(၇.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်​အတွက်​ (တတိယ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး (၇/၂၀၁၈) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၂၀၀၀) ဦးအတွက် ပါတီနှစ်စဉ်ကြေး(၂၀၀၀၀၀၀ိ/-) အား တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။
မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်​ပါတီများအ​နေဖြင့် ယခု (တတိယ) အကြိမ်​အထိ ပါတီဝင်​​ပေါင်း (၇၇၈၈) ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး (၇၇၈၈၀၀၀ိ/-) အား ​ပေးသွင်းပြီးဖြစ်​​ကြောင်း သိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။

၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသား​လွှတ်​​တော်​​နေရာ၌ ပါဝင်​ယှဉ်​ပြိုင်​မည့် ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

အမည်​ – ဦးစိုင်း​အောင်​ကြည်
လူမျိုး/ဘာသာ – ရှမ်း၊ ဗုဒ္ဓ
အသက်​ – ၅၇ နှစ်​(၂၀.၉.၁၉၆၁)
မွေးဇာတိ – ဆင်​ဖြူအင်း​ကျေးရွာ၊ ပန်းဦး​တောင်​အုပ်​စု၊ ပြင်​ဦးလွင်​မြို့နယ်​။
ပညာအရည်​အချင်း – LL,B
အလုပ်​အကိုင်​ – တရားလွှတ်​​တော်​​ရှေ့​နေ(မြန်​မာ့စီးပွား​ရေးဘဏ်​၊ က​မ္ဘောဇဘဏ်​၊ မြဝတီဘဏ်​နှင့်​ AGD ဘဏ်​များ၏​ရှေ့​နေ)
အဖအမည်​ – ဦးသြဘာ
အမိအမည်​ – ​ဒေါ်လှ
ဇနီးအမည်​ – ​ဒေါ်သီတာလွင်
သား/သမီး -အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းတတိယနှစ် အပါအဝင်သားသမီး (၄) ဦး
ပါတီတာဝန်​ – တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊ မန္တ​လေးတိုင်း​ဒေသကြီး။
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​မဲဆန္ဒနယ်​ – မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်​​တော်
——————————————————————-

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

 

၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။

ရပ်ကွက်အုပ်စုများနှင့် အမျိုးသမီးညီလာခံအကြိုညှိနှိုင်း

 

မိတ္ထီလာ စက်တင်ဘာ ၅

မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့ နယ်အစည်းအဝေးခန်းမ၌ ရပ်ကွက် အုပ်စုများနှင့် အမျိုးသမီးညီလာခံ အကြိုညှိနှိုင်းပွဲကို ယနေ့ နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲထိ ကျင်းပခဲ့ သည်။
အစည်းအဝေးကို ရပ်ကွက် အုပ်စုဥက္ကဋ္ဌများ ၈ဝ တက်ရောက် ၍ ပြည်ခိုင်ဖြိုးပါတီ ခရိုင်နယ်မြေ တာဝန်ခံ ဦးဖိုးဥာဏ်၊ ဒေါ်သီတာ ဝင်းကို၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင် များ တက်ရောက်ကြသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း

 

ယနေ့ (5.9.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြက်မျှားကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်း အခမ်းအနားအား နံနက်(8:30)အချိန် ရပ်ကျေးပါတီကော်မတီဝင်ေ ဒ်ါခင်မျိုးဆွေနေအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များနှင့် ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်းမင်္ဂလာချိန်၌ ပါတီဆိုင်းဘုတ်တင်တင်ခြင်းမင်္ဂလာ ဆက်လက်ကျင်းပခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေး အစည်းအဝေးပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးအစည်းဝေးကို မြို့နယ်ပါတီရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းဝေးကို (၅.၉.၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်းအား (၄၀) ဦးဖြင့် ပြုလုပ်ခဲ့ကြပါသည်။

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်သစ်တင်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲကျင်းပ

 

မလှိုင်၊ စက်တင်ဘာ ၎