ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေး အစည်းအဝေးပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးအစည်းဝေးကို မြို့နယ်ပါတီရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းဝေးကို (၅.၉.၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်းအား (၄၀) ဦးဖြင့် ပြုလုပ်ခဲ့ကြပါသည်။